Tuesday, 23 June 2015

စာရေးဆရာမ ရွှေရေးထင်ထင် Min Thu အမူဖွင့်ပြီ

ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သူ Min Thu အမည်ဖြင့် အကောင့်ပိုင်ရှင်ကို ဇွန်လ ၂၂ ရက် နံနက်တွင် လသာမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

‘‘ဒီနေ့ မနက်ကလာပြီး တိုင် တာပါ။ ကျွန်တော်တို့လည်း အမှု ကို လက်ခံပြီး ဖွင့်ပေးပါတယ်။ တရားခံကိုတော့ ကျွန်တော်တို့ စုံစမ်းနေပါတယ်။ ဖမ်းဆီးရမိခဲ့ရင်လည်း တည်ဆဲဥပဒေအတိုင်း အရေးယူသွားမှာပါ’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။

စာရေးဆရာမ ရွှေရေးထင်ထင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည့် အလှဓာတ်ပုံများကြောင့် ယခုနှစ်အတွင်း လူသိများလာပြီးနောက် ရွှေရေးထင် ထင်အကောင့်အတုများစွာထွက်ရှိလာသည်ဟု ရွှေရေးထင်ထင်၏ ပရိသတ်ကိုဟိန်းက ပြောသည်။

‘‘သူ့ကဗျာအတိုလေးတွေ တော့ ဖတ်ဖူးတယ်။ ကျန်တာ တော့ မဖတ်ဖူးပါဘူး။ သူ့ဓာတ်ပုံ တွေကတော့ လန်းတယ်။ ဒီတော့ လူငယ်တွေ တော်တော်များများက သဘောကျတယ်။ တချို့ကလည်း နာမည်ကြီးလာရင် မနာလိုတော့ ပြောကြလုပ်ကြတာလည်း ပါမယ်ထင်တယ်’’ဟု ၎င်း က ပြောသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နာမည်သိက္ခာကျဆင်းအောင် ပြုလုပ်သူကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) အရ အမှုဖွင့်ထားပြီး လသာမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်ကျော်အောင်က အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရ သည်။

နောင်တွင်လည်း ထိုသူကဲ့သို့ မတရားလုပ်ကြံရေးသားမှု၊ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူ ပြောဆိုရေးသားမှုများကို တစ်ဦးချင်းစီ ဖော်ထုတ်တိုင်ကြားမည်ဖြစ်ကြောင်း ရွှေရေးထင်ထင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်

ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

0 comments:

Post a Comment