ဒီနေ့ မကွေးသွားပြီး အပြန်မှာပေါ့ မင်းလှ မကွေးမိုင်တိုင်အမှတ် 3/9 မှာ စိတ်မကောင်းစရာ ရင့်နင့်စရာ လေးတွေ့ကြုံခဲ့ရတယ်။ ရေသယာ ကိုကျော်လွန်လာပြီး မိုင်တိုင်အမှတ်3/9 ရေကျော်ခုံးတံတားနားလဲရောက်ရော တံတားအောက်ထဲကနေ ကလေးငယ်လေးနှစ်ယောက် ခေါင်းလေးပြူထွက်နေတာကိုလှမ်မြင်လိုက်တယ် ။ ဟင် အချိန်ကလဲညနေစောင်းပြီ ရွာတွေနဲ့ ဝေးတဲ့ ဒီလမ်းဘေးခုံးတံတားမှာ ဒီကလေးနှစ်ယောက်ဘာကြောင့်ရောက်နေတာလဲဆိုတာ သိချင်စိတ်ကြောင့် ဆိုင်ကယ်ရပ်ပြီး ကလေးတွေအနားသွားမိတယ်။ သားသားတို့ဘာလုပ်နေတာလဲ ဆိုတော့ သားတို့ကဒီမှာနေတာတဲ့ ဘယ်သူနဲ့နေတာလဲ ဘယ်မှာနေတာလဲလို့မေးတော့ မေမေနဲ့ ဒီ အောက်မှာနေတာလို့ပြောပြီး ခုံးတံတားကိုလက်ညှိုးထိုးပြတယ်။သားတို့မေမေရောရှိလားလို့မေးတော့ မရှိဘူးအပြင်သွားတယ်တဲ့ ။ ကလေးကို နားလည်သလောက်မေးကြည့်တဲ့အခါ အဖေမရှိဘူး အရင် ရေသယာ သင်္ချိုင်းဇရပ်မှာနေတယ်။ အဲဒီမှာနေလို့အဆင်မပြေတဲ့အတွက် လမ်းဘေးဇရပ်တစ်ခုမှာပြောင်းနေတယ်၊အဲဒီမှာလဲနေလို့အဆင်မပြေတဲ့အခါအခု ဒီရေကျော်ခုံးတံတားလေးကိုရောက်လာတယ်ဆိုတာသိခဲ့ရပါတယ်။ ရွာတွေနဲ့အလှမ်းဝေးတဲ့နေရာ တစ်ခု မှာ ဒီမိသားစု၃ယောက်ခုံးတံတားလေးအောက်မှာနေရရှာတယ်။ မိုးတွင်းကာလ ကလဲရောက်နေပြီ မိုးသည်းသည်းမည်းမည်းရွာလို့ ခုံတံတားလေးဆီ ရေလာရင်ဘယ်လိုလုပ်မလဲ ၊ မြွေပါး ကင်းပါ အန္တရယ်ကလဲရှိသေးတယ် ။တွေးကြည့်ပြီးစိတ်ထဲတကယ်ကိုမကောင်းဘူး။ သူတို့ကို ကျွေးစရာကလဲ ဘာမှပါမလာဘူး ပါလာတဲ့ရေဘူးလေးနဲ့ မုန့်ဖိုးပိုက်ဆံပေးခဲ့တယ်။ မုန့်ဖိုးပိုက်ဆံသာပေးတာ ၀ယ်စားစရာမုန့်ဆိုင်လဲ နီးနီးနားနားမရှိဘူး။အချိန်ကလဲမှောင်ခါနီးနေလို့ ကလေးတို့ ရယ် ဦးဦးတို့ပြန်တော့မယ်နော်ဆိုပြီး ဆိုင်ကယ်ထွက်ဖို့လုပ်တော့ သနားစရာမျက်နှာကလေးတွေနဲ့ လက်ပြနုတ်ဆက်ပြီး ကျန်နေခဲ့ရှာတယ်။ စိတ်ထဲမကောင်းလိုက်တာဗျာ ။ သူငယ်ချင်းနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက်တစ်ခုချက်ချင်းချလိုက်တယ်။ မနက်ဖြန် ဒီနေရာလေးကိုပြန်လာပြီး ကလေးတွေအမေနဲ့တွေ့ မယ်ဖြစ်ကြောင်းကုန်စင်မေးပြီးသူတို့လေးတွေရဲ့ဘ၀အတွက် အတက်နိုင်ဆုးူံကူညီမယ်ဆိုပြီးပေါ့။ ဒီအတိုင်းနေမယ်ဆိုရင် ကလေးတွေအတွက်အန္တရယ်များတယ်။ ကလေးနှစ်ယောက်မှာ အကြီးကလေးက ယောင်္ကျားလေး နာမည်က မြင့်မြတ်သူတဲ့ အငယ်ကလေးက ကောင်မလေးနာမည်ကနှင်းဝတ်ရည်တဲ့။ မနက်ဖြန် ကျွန်တော်တို့ အဲဒီနေရာလေးကိုသွားပါမယ်။ လိုအပ်ချက်ကလေးတွေဖြည့်ဆည်းကူညီဖို့ အတွက် Facebook က သူငယ်ချင်းများနဲ့ အထက်မင်းလှသားများgpထဲကသူငယ်ချင်းတွေလဲ ကျွန်တော်တို့နဲ့အတူတကွ ရှိနေမယ်လို့မျှော်လင့်ပါတယ်။ မနက်ဖြန်ပြန်ရောက်ရင် အကျိုးအကြောင်းထပ်တင်ပေးပါ့မယ်။







0 comments:
Post a Comment