Wednesday, 9 September 2015

Frozen Keyboard ရောင်စုံ Apk






Android ဖုန်းများအတွက် Frozen Keyboard အရောင် ၈မျိုးတင်ပေးလိုက်ပါတယ်ဗျာ
အရောင်၈မျိုးဆိုပေမယ့် တစ်ခုခြင်းပဲ အသုံးပြုလို့ ရမှာပါ
မိမိရဲ့ဖုန်းထဲမှာ Frozen Keyboard 1.1.3 ရှိနေပါက Uninstall လုတ်ပီးမှ
ဒီရောင်စုံ ကီးဘုတ်တွေထဲက မိမိနှစ်သက်ရာ ကီးဘုတ်တစ်ခုခု Install လုတ်လို့ရနိုင်မှာဖြစ်ပါတယ်
အောက်မှာ ပုံလေးတွေနဲ့အတူ လင့်ကလေးတွေပါ ပေးထားပါတယ်ဗျာ
Dropbox ကနေတင်ပေးထားတဲ့အတွက် ဒေါင်းရတာ အဆင်မပြေရင် အောက်ဆုံးအထိဆင်းလိုက်ပါ Mediafire ကနေ တင်ထားတဲ့လင့်လေးတွေကနေ ဒေါင်းယူနိုင်ပါတယ်ဗျာ


FrozenKeyboard (Green)
 FrozenKeyboard (Red)ယူရန်
 FrozenKeyboard (Black) (1) ယူရန်
FrozenKeyboard (Yello) ယူရန်
 FrozenKeyboard (Blue) ယူရန်
FrozenKeyboard (Black) (2) ယူရန်
FrozenKeyboard 1.1.3 Bkack ယူရန်
Frozenkeyboard (Pink) ယူရန်


အထက်မှာပေးထားသောလင့်တွေမှဒေါင်းမရခဲ့လျှင် အောက်ကလိပ်စာလေးမှာဒေါင်းယူပါ
MediaFire Link
 ရိုးရိုကီးဘုတ်တော့ တင်မပေးတော့ဘူးနော်
ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

Friday, 31 July 2015

အိမ်မက်မဟုတ်တဲ့နေ့(mp3)

ကျွန်တော်ကိုအိမ်မက်မဟုတ်တဲ့နေ့MP3.လေးတင်ပေးပါဆိုတာနဲ့ကျွန်တော်ကိုတောင်းဆိုထားတဲ့သူငယ်ချင်း
တွေကများတာနဲ့တင်ပေးလိုက်ပါတယ်စိတ်ချမ်းသာစွာ..DOWN..ပြီး..စိတ်ချမ်းသာစွာနားဆင်နိုင်ပါပြီခင်များ
ချစ်သူငယ်ချင်းတွေအားလုံးလေးစားလျက်ပါ..................................ဇော်ဇော်ကွန်ပျုတာနည်းပညာမျှဝေခြင်း
Download..ဆွဲရန်ဒီလင့်မှာသွားရောက်ဆွဲနိုင်ပါပြီနော်အရင်တင်ပေးထားတဲ့သီချင်းကထစ်နေတယ်ဆိုလို့အသစ်
ထက်တင်ပေးထားပါတယ်အခုသီချင်းလေးကအားလုံးကောင်းပါတယ်မထစ်တော့ပါဘူးဗျာ.................ဟိ..ဟိ
                                    Download Link MP3 ရယူရန်

ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

Wednesday, 29 July 2015

ကွန်ပျုတာကို100% မြန်အောင်လုပ်နည်း

(1).ပထမဦးဆုံးလုပ်ဆောင်ရမဲ့အချက်ကတော့ မိမိစက်ကို..Windows+R...ကိုနှိပ်ပေးပါ.ကျလာတဲ့........Box
လေးထဲမှာ...Prefetch...ရိုက်ထည့်ပါနောက်ထက်ဖိုင်တွေကျလာမှာဖြစ်ပါတယ်ကျလာတဲ့ဖိုင်တွေကိုရှင်းထုတ်
ဖို့အတွက်...Ctrl+A...နှိပ်ပြီး....Delete................................ရှင်းထုတ်ဖြစ်ပါမထမအဆင့်နေနဲ့ပီးဆုံးပါပြီ
(2).ဒုတိယအဆင့်ကတော့...Windows+R...နှိပ်ပါ...ကျလာတဲ့...Box...ထဲမှာ...Regedit...ရေးထည့်ပြီ...Ok
ပေးလိုက်ပါ...ကျလာပါဦးမယ်နောက်တစ်ခု...Yes...No...Yes...လုပ်ပေးလိုက်ပါ.......ကျလာတဲ့ဖိုင်တွေ...5
ဖိုင်ကျလာပါမယ်...ကျွန်တော်တို့...ရှာရမဲ့ဖိုင်က...HKEY_CURRENT_USER...ဆိုတဲ့ဖိုင်ပဲပါဒီဖိုင်ကိုတန်းဖွင့်
လို့တော့မရသေးပါဘူး...HEKEY_CURRENT_USER...ဖိုင်ရဲ့ဘယ်ဘက်မှာမြားအစက်လေးပါပါတယ်
ဒီမြားလေးကိုထောက်ပြီး...ကိုလိုချင်တဲ့ဖိုင်ရဲ့...နာမည်က...Control...Panel...ပဲဖြစ်ပါတယ်...Control...Panel
ဘယ်ဘက်မှာမြားလေးတခုပါပါသေးတယ်...နှိပ်ပြီ...Desktop...ရှာပါ...ပြီးရင်တော့...ဖိုင်လေးတွေတန်းစီးပြီကျလာ
ပါလိပ်မယ်...Menushowdelay...ကိုမောက်ထောက်ပြီး..ညာဘက်ကလစ်သို့နှိပ်ပေးပါ...ပြီးရင်...Modify....လေးပေါ
လာပါလိပ်မယ်...Modify...ဘယ်ဘက်ကလစ်ပြန်နှိပ်ပေးပါ...ကျလာတဲ့...Box..လေးထဲမှာ...200...ဖြစ်စေ...400...ဖြစ်စေ
0...ရိုက်ထည့်ပေးပါ...................Ok...ပေးလိုက်ပါ..စောစောက...ဖွင့်ထားတဲ့...Box...လေးတွေအားလုံးပြန်ပိတ်လိုက်ရပါပြီ
(3).ကတော့မိမိစက်...Desktop...မှာ....My.Computer...ဆိုတာကို...ညာဘက်ကလစ်ပေးပါ...ပြီရင်...Properties
သို့နှိပ်ပါ....ကျလာတဲ့စာကြောင်းတွေထဲမှာ...Advanced system settings.........သို့ဘယ်ဘက်ကလစ်နှိပ်ပြီး...ဝင်ပါ...ကျလာတဲ့...Box...လေးထဲမှာ..ပထမဦးဆုံးသော...Settings..ဘယ်ကလစ်နှိပ်ပြီးဝင်ပါ
ကျလာတဲ့...Box...ထဲမှာ...စာ(၄)ကြောင်းပါလားပါတယ်...Let Windows Chooes What's best For My computer...Adjust For best appearance...Adjust for best performance...Custom...ဆိုတဲ့စာလေးကြောင်းတွေ့ရမှာဖြစ်ပါတယ်ဒီစာလေးကြောင်းထဲကဘယ်စာကြောင်းကိုယူရမလဲဆိုရင်
စောစောကကျွန်တော်ရေးခဲ့တဲ့...Adjust For best appearance...ကိုအမှန်ခြစ်လေးပေးလိုက်ပါနော်..ပြီးရင်...Ok...Apply...ပေါ့ဗျာ
(4).Windows+R...ကျလာတဲ့...Box...လေးထဲမှာ...Msconfig...ဆိုတာလေးရေးထည့်...Ok...ပေးလိုက်ပါ...ပီးရင်...Box...လေးကျလာပါလိပ်မယ်
Starup...မှာမိမိစက်မှာမသုံးတဲ့...Software...တွေကို...Disabled...လုပ်ပြီး...Ok...သို့မဟုတ်....Apply...လုပ်ပေးပြီ...စက်ကို...Restart...ချပေးလိုက်ပါ
အားလုံးပဲအဆင်ပြေကြပါစေဗျာ.....ကျွန်တော်သိသလောက်တက်သလောက်တင်ပြပေးထားပါတယ်နောက်ကိုလဲ...သိလောက်မှတ်သလောက်တင်ပြပေးသွားပါ
ဦးမယ်.................................................................................................................................................လေးစားလျက်ပါ.................ပြုံးဇော် 
   
 
         

ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

Thursday, 25 June 2015

Facebook messenger Log In Log Out လုပ်နည်း

1။အနေနဲ့Facebook ကို Log In Log Out လုပ်လေ့ရှိတဲ့သူငယ်ချင်းများအတ်ွရည်ရွယ်ပါတယ်ဘာဖြစ်လို့
လဲဆိုတော့ Facebook Account ကို Log Out လုပ်ပါပြီ သင့်ဖုန်းထဲရှိတဲ့ Messenger ကိုဝင်ထားတဲ့ Account ကထွက်လို့မရပါဘူး နောက် ဝင်မဲ့ အကောင့်အသစ်ကြတော့ ချက်မဲ့ Messenger ကအလုပ်မလုပ်တော့ပါဘူး အဲ့တာကို Log Out လုပ်မယ်ဆိုရင် အရင်းဆုံး ကို Account Settings အရင်သွားပါပြီ (2)  Account Settings ကိုနှိပ်ပါ ပြီရင်တော့  (3) Security ကို ဆက်နှိပ်ပါ
(4) ကတော့ ပြောစရာမလိုအောင်ရှင်းပါတယ် Active Sessions ကိုနှိပ်ပါ
(5) အနေနဲ့နောက်ဆုံးအဆင့်လို့လည်းပြောလို့ရပါတယ်  Last,Accessed အနီးလေးဝိုင်းပေးထားတဲ့
အမြှောက်ပုံလေကိုဖျက်ပေးပါ
(6) အဆင့်ကိုပြောပြရရင်တော့ မိမိဖုန်းမျက်နာပြင်ကိုရောက်ထွက်လိုက်ပါ Messenger ကို နှိပ်ပါ 
ပုံမှာပြထားတဲ့အတိုင်း Switch Account သင့်အကောင့်ဝင်ပြီပုံအတိုင်း Chat နိုင်ပါပြီနော်။



ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

Wednesday, 24 June 2015

ဂုဏ်ထူး ၅ ခုနဲ့ အောင်သွားတဲ့ သမီးလေး ရွှေရည်ဝင်း


"ဂုဏ်ထူး ၅ ခုနဲ့ အောင်သွားတဲ့ သမီးလေး *ရွှေရည်ဝင်း*"

တ/ဥ ၁၃ရပ်ကွက် ၁၃ ဈေးရှေ့မှာ အမေလုပ်သူက အကြော် ကြော်ရောင်း. အမေနဲ့အတူဝိုင်းကူရောင်းပြီး တ/ဥထ၃ ကျောင်းက ဂုဏ်ထူး ၅ ခုနဲ့ အောင်သွားတဲ့ သမီးလေး ရွှေရည်ဝင်း။
ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

စိတ်မကောင်းဖြစ်လွန်းလို့ကျွန်တော်သူငယ်ချင်းတွေလဲကူညီနိုင်အောင်တင်ပေးလိုက်တယ်


ဒီနေ့ မကွေးသွားပြီး အပြန်မှာပေါ့ မင်းလှ မကွေးမိုင်တိုင်အမှတ် 3/9 မှာ စိတ်မကောင်းစရာ ရင့်နင့်စရာ လေးတွေ့ကြုံခဲ့ရတယ်။ ရေသယာ ကိုကျော်လွန်လာပြီး မိုင်တိုင်အမှတ်3/9 ရေကျော်ခုံးတံတားနားလဲရောက်ရော တံတားအောက်ထဲကနေ ကလေးငယ်လေးနှစ်ယောက် ခေါင်းလေးပြူထွက်နေတာကိုလှမ်မြင်လိုက်တယ် ။ ဟင် အချိန်ကလဲညနေစောင်းပြီ ရွာတွေနဲ့ ဝေးတဲ့ ဒီလမ်းဘေးခုံးတံတားမှာ ဒီကလေးနှစ်ယောက်ဘာကြောင့်ရောက်နေတာလဲဆိုတာ သိချင်စိတ်ကြောင့် ဆိုင်ကယ်ရပ်ပြီး ကလေးတွေအနားသွားမိတယ်။ သားသားတို့ဘာလုပ်နေတာလဲ ဆိုတော့ သားတို့ကဒီမှာနေတာတဲ့ ဘယ်သူနဲ့နေတာလဲ ဘယ်မှာနေတာလဲလို့မေးတော့ မေမေနဲ့ ဒီ အောက်မှာနေတာလို့ပြောပြီး ခုံးတံတားကိုလက်ညှိုးထိုးပြတယ်။သားတို့မေမေရောရှိလားလို့မေးတော့ မရှိဘူးအပြင်သွားတယ်တဲ့ ။ ကလေးကို နားလည်သလောက်မေးကြည့်တဲ့အခါ အဖေမရှိဘူး အရင် ရေသယာ သင်္ချိုင်းဇရပ်မှာနေတယ်။ အဲဒီမှာနေလို့အဆင်မပြေတဲ့အတွက် လမ်းဘေးဇရပ်တစ်ခုမှာပြောင်းနေတယ်၊အဲဒီမှာလဲနေလို့အဆင်မပြေတဲ့အခါအခု ဒီရေကျော်ခုံးတံတားလေးကိုရောက်လာတယ်ဆိုတာသိခဲ့ရပါတယ်။ ရွာတွေနဲ့အလှမ်းဝေးတဲ့နေရာ တစ်ခု မှာ ဒီမိသားစု၃ယောက်ခုံးတံတားလေးအောက်မှာနေရရှာတယ်။ မိုးတွင်းကာလ ကလဲရောက်နေပြီ မိုးသည်းသည်းမည်းမည်းရွာလို့ ခုံတံတားလေးဆီ ရေလာရင်ဘယ်လိုလုပ်မလဲ ၊ မြွေပါး ကင်းပါ အန္တရယ်ကလဲရှိသေးတယ် ။တွေးကြည့်ပြီးစိတ်ထဲတကယ်ကိုမကောင်းဘူး။ သူတို့ကို ကျွေးစရာကလဲ ဘာမှပါမလာဘူး ပါလာတဲ့ရေဘူးလေးနဲ့ မုန့်ဖိုးပိုက်ဆံပေးခဲ့တယ်။ မုန့်ဖိုးပိုက်ဆံသာပေးတာ ၀ယ်စားစရာမုန့်ဆိုင်လဲ နီးနီးနားနားမရှိဘူး။အချိန်ကလဲမှောင်ခါနီးနေလို့ ကလေးတို့ ရယ် ဦးဦးတို့ပြန်တော့မယ်နော်ဆိုပြီး ဆိုင်ကယ်ထွက်ဖို့လုပ်တော့ သနားစရာမျက်နှာကလေးတွေနဲ့ လက်ပြနုတ်ဆက်ပြီး ကျန်နေခဲ့ရှာတယ်။ စိတ်ထဲမကောင်းလိုက်တာဗျာ ။ သူငယ်ချင်းနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက်တစ်ခုချက်ချင်းချလိုက်တယ်။ မနက်ဖြန် ဒီနေရာလေးကိုပြန်လာပြီး ကလေးတွေအမေနဲ့တွေ့ မယ်ဖြစ်ကြောင်းကုန်စင်မေးပြီးသူတို့လေးတွေရဲ့ဘ၀အတွက် အတက်နိုင်ဆုးူံကူညီမယ်ဆိုပြီးပေါ့။ ဒီအတိုင်းနေမယ်ဆိုရင် ကလေးတွေအတွက်အန္တရယ်များတယ်။ ကလေးနှစ်ယောက်မှာ အကြီးကလေးက ယောင်္ကျားလေး နာမည်က မြင့်မြတ်သူတဲ့ အငယ်ကလေးက ကောင်မလေးနာမည်ကနှင်းဝတ်ရည်တဲ့။ မနက်ဖြန် ကျွန်တော်တို့ အဲဒီနေရာလေးကိုသွားပါမယ်။ လိုအပ်ချက်ကလေးတွေဖြည့်ဆည်းကူညီဖို့ အတွက် Facebook က သူငယ်ချင်းများနဲ့ အထက်မင်းလှသားများgpထဲကသူငယ်ချင်းတွေလဲ ကျွန်တော်တို့နဲ့အတူတကွ ရှိနေမယ်လို့မျှော်လင့်ပါတယ်။ မနက်ဖြန်ပြန်ရောက်ရင် အကျိုးအကြောင်းထပ်တင်ပေးပါ့မယ်။

ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

Tuesday, 23 June 2015

စာရေးဆရာမ ရွှေရေးထင်ထင် Min Thu အမူဖွင့်ပြီ

ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သူ Min Thu အမည်ဖြင့် အကောင့်ပိုင်ရှင်ကို ဇွန်လ ၂၂ ရက် နံနက်တွင် လသာမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း လသာမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

‘‘ဒီနေ့ မနက်ကလာပြီး တိုင် တာပါ။ ကျွန်တော်တို့လည်း အမှု ကို လက်ခံပြီး ဖွင့်ပေးပါတယ်။ တရားခံကိုတော့ ကျွန်တော်တို့ စုံစမ်းနေပါတယ်။ ဖမ်းဆီးရမိခဲ့ရင်လည်း တည်ဆဲဥပဒေအတိုင်း အရေးယူသွားမှာပါ’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။

စာရေးဆရာမ ရွှေရေးထင်ထင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည့် အလှဓာတ်ပုံများကြောင့် ယခုနှစ်အတွင်း လူသိများလာပြီးနောက် ရွှေရေးထင် ထင်အကောင့်အတုများစွာထွက်ရှိလာသည်ဟု ရွှေရေးထင်ထင်၏ ပရိသတ်ကိုဟိန်းက ပြောသည်။

‘‘သူ့ကဗျာအတိုလေးတွေ တော့ ဖတ်ဖူးတယ်။ ကျန်တာ တော့ မဖတ်ဖူးပါဘူး။ သူ့ဓာတ်ပုံ တွေကတော့ လန်းတယ်။ ဒီတော့ လူငယ်တွေ တော်တော်များများက သဘောကျတယ်။ တချို့ကလည်း နာမည်ကြီးလာရင် မနာလိုတော့ ပြောကြလုပ်ကြတာလည်း ပါမယ်ထင်တယ်’’ဟု ၎င်း က ပြောသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နာမည်သိက္ခာကျဆင်းအောင် ပြုလုပ်သူကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) အရ အမှုဖွင့်ထားပြီး လသာမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်ကျော်အောင်က အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရ သည်။

နောင်တွင်လည်း ထိုသူကဲ့သို့ မတရားလုပ်ကြံရေးသားမှု၊ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူ ပြောဆိုရေးသားမှုများကို တစ်ဦးချင်းစီ ဖော်ထုတ်တိုင်ကြားမည်ဖြစ်ကြောင်း ရွှေရေးထင်ထင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်

ဇော်ဇော် ကွန်ပျုတာနည်းပညာမျှဝေခြင်း{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် ဖုန်းနည်းပညာပိုင်းဆိုင်ရာ{ ဒီမှာ } သွားလိုက်ပါ



ဇော်ဇော် သုတရသစွယ်စုံမှတ်တမ်း{ ဒီမှာ } သွားလိုက်ပါ

Last 7 Days Popular Posts